၂၁ရာစု ပင်လုံညီလာခံ တကယ်ဖြစ်လာ မလား ဆိုတဲ့ မေးခွန်းဟာ မေးသင့်တဲ့မေးခွန်းလို့ ဆိုနိုင်ပါတယ်။
ညီလာခံလုပ်တယ်ဆိုတာ အဖြေတစ်ခု တော့ ရမှာတော့သေချာပါတယ်။ ဒီညီလာခံဟာ မိမိအတ္တကို ရှေ့
တန်းတင်မဲ့ အာဏာရူး ဘုရင် အိပ်မက် မက်နေတဲ့ လက်နက်ကိုင်တွေအတွက်တော့ မျှော်လင့်ထားသလို
ဖြစ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ ဒိုင်ခံဆွေးနွေးသူဟာ အတ္တကို ရှေ့တန်းတင်မဲ့ သူမဟုတ်လို့ပါပဲ။
တိုင်းရင်းသား လက်နက်ကိုင် တွေ အစည်းဝေးတွေ လုပ်လာလေလေ လူထုကို ပေါ်ပေါ်တင်တင် ဆပ်ကြေး
ကောက် လူထုကို ဒုက္ခပေး ဖို့သာ များတာကိုတွေ့ရပါတယ်။ သူတို့ အစည်းဝေးတွေဟာ ကလေးဆန်
လူထု ဒုက္ခပေး အဖြေသာ ထွက်စမြဲ ထွက်နေပါတော့တယ်။ လူထုသဘောထားမှန် ဖြစ်ဖို့ ဆိုတာ လက်နက်
ကိုင်သမားတွေ သဘောတွေနဲ့ သာလုပ်နေလို့ ကတော့ မိမိဘ၀ တစ်ခုတည်း လုံခြုံရေးနဲ့ ကောင်းစားရေး
အဖြေသာ ထွက်နေမယ်ဆိုတာ ဧကန်မလွဲ ပါပဲ။ ဒါဟာ အတိတ်ပုံရိပ် သာ ဖြစ်ပါတော့တယ်။
No comments:
Post a Comment